အမျိုးသမီးများ ဆေးလိပ်သောက်ခြင်းက အမျိုးသားများထက် နှစ်ဆ ပိုအန္တရာယ်ရှိ

ဒီဘက်ခေတ်အနေအထားမှာ အမျိုးသမီးအတော်များများဟာ ဆေးလိပ်သောက်သုံးလာကြပါပြီ ။ ဆေးလိပ်သောက်တာဟာ အမျိုးသားရော အမျိုးသမီးအတွက်ပါ ကျန်းမာရေးထိခိုက်စေပါတယ် ။ သို့သော် အမျိုးသမီးတွေအတွက် ပိုပြီး ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ် ။

၁။အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂ဆပိုများခြင်း

အမျိုးသား နှင့်တန်းတူ ဆေးလိပ်များများသောက်တဲ့ အမျိုးသမီးတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂ဆ ပိုများနိုင်တယ်လို့ လေ့လာမှုတွေအရ ဆိုပါတယ် ။ ဒီအကြောင်းအရင်းကတော့ စီးကရက်မှာပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင်သော ကာစီနိုဂျင်ဓါတ်ကို အမျိုးသား နှင့် အမျိုးသမီး ခန္ဓာကိုယ်အတွင်းရှိ တုန့်ပြန်နိုင်စွမ်းချင်းက မတူကြလို့ပါ ။ အမျိုးသားတွေအတွက် ဆီးသွားရင်းနှင့် ဒီဓါတ်တွေကို စွန့်ပစ်နိုင်ပေမယ့် အမျိုးသမီးတွေအတွက်တော့ ဒီဓါတ်တွေပြုပြီး သာမန်ဓါတ်တစ်ခုမှ ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျန်းနစ် အစိုင်အခဲတွေအဖြစ် တည်ရှိနေသွားနိုင်ပါတယ် ။

၂။နှလုံးနှင့်ပတ်သက်သော ရောဂါဝေဒနာများ ပိုမိုခံစားရနိုင်ခြင်း

လေ့လာမှုတွှေအရ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးရောဂါပြဿနာများ ခံစားရနိုင်ခြေ ၂၅ ရာခိုင်နှုန်း ပိုများပါတယ် ။ ဆေးလိပ်ဆက်လက်သောက်နေသရွေ့ တစ်နှစ်ထက်တစ်နှစ် ဖြစ်နိုင်ခြေနှုန်းတွေ ပိုပိုများလာလေပါပဲ ။

၃။သွေးကြောကျဉ်းခြင်း

ဥရောပအခြေစိုက် လေ့လာမှုအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ အမျိုးသားနှင့် အမျိုးသမီးဟာ ဆေးလိပ် ၊ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓါတ်ကို ညီတူမျှတူ ရရှိသော်ငြား အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး သွေးကြောကျဥ်းမှုကို ခံစားရပါတယ် ။ ဒါဟာ အလွန်ကို အန္တရာယ်များတဲ့ အရာတစ်ခုပါ။

၎။မျိုးပွားနှုန်းမကောင်းခြင်း

ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာ မျိုးပွားနှုန်းမကောင်းခြင်းနှင့် ကိုယ်ဝန်ဆောင်ရမှာ အခက်အခဲများ တွေ့ရတတ်ပါတယ် ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်သုံးခြင်းက ကလေးမွေးတဲ့အခါ စောမွေးခြင်း ၊ ပုံမှန်မဟုတ်ဘဲ မွေးဖွားခြင်း ၊ကလေးသေဆုံးနိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ် ။ ဒါ့အပြင် နို့ထွက်နည်းစေပါတယ် ။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေလည်း သုတ်ပိုးအား နည်းစေပါတယ် ။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*