လူဦးရေ ၅၀၀ ကျော်နေထိုင်လျက်ရှိတဲ့ ကမ္ဘာ့အပူချိန်အနိမ့်ဆုံးရွာ

ရုရှားနိုင်ငံ၊ Oymyakonsky ပြည်နယ်မှာ တည်ရှိတဲ့ Oymyakon ဆိုတဲ့ ရွာပဲ ဖြစ်ပါတယ်။ ဒီပြည်နယ်က အမြဲတမ်းလိုလို အပူချိန်နိမ့်ကျနေပြီးတော့ ဆောင်းရာသီကာလတွေမှာဆိုရင် အပူချိန် အနုတ် ၆၂ ဒီဂရီစင်တီဂရိတ်၊ အနုတ် ၈၀ ဒီဂရီဖာရင်ဟိုက် အထိ ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ အေးတဲ့ ဒေသအချို့မှာ အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်၊ အနုတ် ၆၂ ဒီဂရီဖာရင်ဟိုက် က အဆိုးရွားဆုံး အခြေအနေလို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် Oymyakon ရွာကတော့ အနုတ် ၆၂ ထိရောက်ရှိပြီးတော့ ရေတွေအေးခဲပြီး ရေခဲပြင်၊ နှင်းတွေ ဆိုးရွားစွာ ကျဆင်းနေပေမယ့် ဒီရွာကလေးမှာ နေထိုင်သူ လူဦးရေ ၅၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း Oymyakon ရွာကို လူနေထိုင်လျက်ရှိတဲ့ ကမ္ဘာ့အပူချိန်အနိမ့်ဆုံးရွာ အဖြစ် မှတ်တမ်းတင်ခံရပါတယ်။

ဒီလိုအေးခဲနေတဲ့ Oymyakon ရွာလေးရဲ့ နှင်းများလွှမ်းခြုံနေတဲ့ ပုံရိမ်များကို သွားရောက်ရိုက်ကူးခဲ့သူ ကမ္ဘာကျော်ဓာတ်ပုံဆရာ Amos Chapple ရဲ့ လက်ရာမြောက် ဓာတ်ပုံများကို ရှုစားနိုင်ဖို့အတွက် တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

နန်း(ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*