ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မိတ်ဆက်ပေးတော့မယ့် Redmi Note 5

Xiaomi က လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အိန္ဒိယမှာ စမတ်ဖုန်းသစ်တစ်လုံး မိတ်ဆက်မယ်လို့ ကြေညာထားပါတယ်။ အစောပိုင်းတုန်းက Xiaomi ဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Redmi 5 နှင့် Redmi 5 Plus ကို Redmi Note 5 အမည်နှင့် မိတ်ဆက်လာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ယခင်ထွက်ပေါ်ထားတဲ့ သတင်းတွေအရ  Redmi Note 5 ၊ Redmi Note 5 Prime အမည်နှင့် မိတ်ဆက်လာမယ်လို့ ထင်ကြေးတွေ ထွက်ထားတာပါ။ လက်ရှိထွက်ပေါ်လာတဲ့သ တင်းအရ  Xiaomi ဟာ Redmi Note 5 ကိုပဲ မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ Mi.com မှ Javascript Code အရ Redmi Note 5 ကို မိတ်ဆက်လာမယ်လို့ သိရပါတယ်။  Xiaomi Redmi Note 5 က 2018ခုနှစ်အတွင်း အိန္ဒိယဈေးကွက်သို့ ၀င်ရောက်တဲ့ ပထမဆုံး Xiaomi ဖုန်း ဖြစ်လာပါမယ်။ Redmi 5 နှင့် Redmi 5 Plus တို့က မျက်နှာပြင် ၅.၇ လက်မ HD+ နှင့် ၅.၉၉ လက်မ FHD+ ဖြစ်ပါတယ်။ Redmi 5 မှာ Snapdragon 450 နဲ့ပါစွမ်းအားထာက်ပံ့ထားပြီး RAM2GB ၊ RAM3GB ပါဝင်ပါတယ်။ RAM အပေါ်မူတည်ပြီး Storage 16GB နှင့် 32GB ကွဲပြားသွားပါမယ်။

Redmi 5 Plus ကို Snapdragon 625 နှင့် ပါဝါထောက်ပံ့ထားပြီး RAM3GB/32GB နှင့် RAM4GB/64GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါမယ်။ Redmi 5 မှာ ဘက်ထရီ 3300 mAh နဲ့ Redmi 5 Plus ဘက်ထရီ 4000 mAh ပါဝင်ပါတယ်။ ကျောဘက်ကင်မရာ 12MP နှင့် ရှေ့ကင်မရာ 5MP ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Xiaomi Redmi Note 5 နှင့်ပတ်သက်ပြီး သတင်းတွေကလည်း ထွက်ပေါ်ထားခြင်း မရှိတာကြောင့် Redmi 5 ကို CPU နှင့် RAM အပြောင်းအလဲ လုပ်ပြီးတော့ ထုတ်လုပ်ရောင်းချလာနိုင်တာကိုတော့ သတိပြုရပါမယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*