Latest post

ယောဂစကျင့်မယ့်သူတွေအတွက်အိမ်မှာအလွယ်တကူလေ့ကျင့်နိုင်မယ့်ယောဂကျင့်စဉ်(၅)မျိုး

အခုမှယောဂစတင်ပြုလုပ်မယ့် beginners များအတွက် ပထမဦးဆုံးပြုလုပ်သင့်တဲ့ ယောဂပုံစံ(၅)မျိုးကို ဖော်ပြပေးချင်ပါတယ်။ အခုမှစလုပ်တာဆိုတော့ အကြောတွေဖြေလျော့ဖို့အတွက် အခက်အခဲဖြစ်နေတတ်ပါတယ်။ ဒါကိုအများနည်းတူလိုက်လုပ်မယ်ဆိုရင် ခါးနာခြင်းနဲ့အရိုးအဆစ်နာကျင်ခြင်းမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် တစ်ဆင့်ချင်းသွားဖို့ လိုပါတယ်။ ယောဂစလုပ်တော့မယ်ဆိုရင် နာကျင်မှုမရှိဘဲ အကြောဖြေလျော့သွားအောင် အရင်ဦးဆုံးပြုလုပ်ရမယ့် ယောဂကျင့်စဉ်များကို လုပ်ကြည့်ပြီးမှ အခြားposeတွေကို ပြုလုပ်ဖို့အကြံပြုလိုပါတယ်။

(၁) Warrior Pose    

ခြေလက်ဆန့်ထုတ်တဲ့ ပုံစံလေးပါ။ ဒူးတစ်ဖက်ကို ၉၀ဒီဂရီအနေအထားအတိုင်း ကွေးပြီးကျန်ခြေတစ်ဖက်ကို ဆန့်နိုင်သလောက်ဆန့်ထုတ်လိုက်ပါ။ လက်များကိုလည်းဖြောင့်တန်းပြီး မျက်နှာကိုဘေးတစောင်းလှည့်လိုက်ပါ။ အကြောများကိုဖြေလျော့လိုက်တာကြောင့် ကျန်တဲ့ယောဂPoseတွေကို လွယ်လွယ်ကူကူပြုလုပ်လို့ရပါပြီ။

(၂) Tree Pose

မတ်မတ်ရပ်ပြီး ခြေတစ်ဖက်ကိုဒူးကွေးလိုက်ပါ။ လက်တွေကိုခေါင်းပေါ်ဆန့်ထုတ်ပြီး လက်အုပ်ချီတဲ့အနေအထားအတိုင်း ပြုလုပ်ပါ။ ဒီလိုအနေအထားအတိုင်းကို စက္ကန့်၃၀လောက်နေပါ။ ခြေတစ်ဖက်နဲ့ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို ထိန်းရတာဖြစ်တဲ့အတွက် ဟိုယိုင်ဒီယိုင်ဖြစ်နေပါလိမ့်မယ်။ မတ်မတ်ရပ်လိုက်ပြီး ခြေတစ်ဖက်လွတ်လိုက်ပါ။ ဟန်ချက်ငြိမ်ပြီဆိုမှ ဒူးကွေး၊ လက်ဆန့်ထုတ်၊ လက်ဖဝါးချင်းဆုံ စသဖြင့် အဆင့်လိုက်ကို ဖြေးဖြေးချင်းနဲ့ စိတ်ရှည်ရှည်လေ့ကျင့်ပေးသွားရင် အဆင်ပြေမှာပါနော်။

(၃) Bridge Pose     

အခုပုံမှာတွေ့ရတဲ့အနေအထားကတော့ ပခုံးကိုအမှီပြုပြီးပြုလုပ်ရမှာပါ။ ဒူးနှစ်ဖက်ကို ၉၀ဒီဂရီထောင်မတ်ထားပြီး ပခုံးနဲ့လက်အစုံကို အောက်ကြမ်းပြင်မှာ ဆန့်ထားရမှာပဲဖြစ်ပါတယ်။ ဒီလိုအနေအထားအတိုင်းကို တစ်မိနစ်ခန့်နေပါ။

(၄) Downward Dog Position

လက်ဖဝါးနဲ့ခြေထောက်တွေကို အမှီပြုပြီး ခန္ဓာကိုယ်ကိုကွေးညွတ်လိုက်ပါ။ ပခုံးကိုလက်နဲ့တစ်ဖြောင့်ထဲဖြစ်အောင် ဆန့်ထားဖို့တော့လိုပါတယ်နော်။ ဒူးကွေးနေတာမျိုး၊ ပခုံးမြင့်နေတာမျိုးက ပထမဦးဆုံးပြုလုပ်တဲ့အခါမှာ အခက်အခဲလေးတွေတော့ ရှိပါတယ်။ လုပ်ရင်းနဲ့တဖြေးဖြေးအဆင်ပြေသွားပါလိမ့်မယ်။

(၅) Triangle Pose

ခန္ဓာကိုယ်ကိုမတ်မတ်ရပ်လိုက်ပြီး ညာဘက်တိမ်းစောင်းလိုက်ပါ။ လက်အစုံကိုတစ်ဖြောင့်ထဲဆန့်ထုတ်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း တြိဂံပုံစံဖြစ်အောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ခြေထောက်နဲ့လက်များကို အကြောဖြေလျော့လိုက်တဲ့ယောဂကျင့်စဉ်လေးပါ။ လွယ်ကူတဲ့အတွက်ကြောင့် Beginners များအတွက် အဆင်ပြေစေမယ့် ပုံစံလေးပါနော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*